Behaviour Change to Reduce Waste (အမူအကျင့်ပြောင်းလဲမှု)

မိမိအိမ်နှင့် ရပ်ရွာတွင် အမှိုက်အမျိုးအမျိုးထွက်ရှိခြင်းကိုလျှော့ချနိုင်သော ကိုယ်တိုင်ကျင့်သုံးနိုင်သည့် နည်းလမ်းများ။

4.40 (17 reviews)
Udemy
platform
မြန်မာဘာသာ
language
Other
category
instructor
Behaviour Change to Reduce Waste (အမူအကျင့်ပြောင်းလဲမှု)
198
students
1 hour
content
Mar 2022
last update
FREE
regular price

What you will learn

3Rs ဟုခေါ်သော Reduce, Reuse & Recycle နည်းစနစ်ကိုသုံးပြီး နေ့စဥ်ဘဝတွင် မတူညီသောအမှိုက်များထွက်ခြင်းကို လျှော့ချနိုင်ရန်နည်းလမ်းများကို သင်ယူနိုင်ရန်။

မတူညီသော အော်ဂဲနစ်နှင့် အင်အော်ဂဲနစ်အမှိုက်များကို လေ့လာသိရှိပြီး ၎င်းတို့ကို မည်သို့ကိုင်တွယ်စီမံရမည်ကိုလည်း သင်ယူနိုင်ရန်။

ပလတ်စတစ်အမျိုးအစားများအကြောင်း လေ့လာနိုင်ပြီး ၎င်းတို့ကို မည်သို့ပြန်ထွင်သုံးနိုင်မည်ကို သင်ယူနိုင်ရန်။

နေ့စဥ်ဘဝတွင် မည်သို့အမှိုက်များကိုလျှော့ချနိုင်သည်ကို သိခြင်းဖြင့် တာဝန်သိစားသုံးသူတစ်ယောက်ဖြစ်လာရန် သင်ယူနိုင်ရန်။

Why take this course?

[English Below]

တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီရဲ့ အမူအကျင့်လေးများနှင့် သူတို့ရဲ့ သက်ရောက်မှုတွေကို လျှော့တွက်တတ်ကြပါတယ်။ လူတွေရဲ့ အမူအကျင့်ပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝန်းမှာ တွေ့ကြုံခံစားနေရတဲ့ အမျိုးမျိုးသောသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ နေ့ချင်းညချင်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ သို့သော်ငြားလည်း ဒီအမူအကျင့်ပြောင်းလဲမှုတွေက ပိုမိုကြီးမားကျယ်ပြန့်တဲ့ လူမှုရေးနှင် နိုင်ငံရေးပြောင်းလဲမှုများရဲ့ အစဖြစ်နိုင်တယ်ဆိုတာရော သင်သတိထားမိပါရဲ့လား? လူတစ်ဦး အမူအကျင့်ပြောင်းလဲရုံနဲ့တော့ ကမ္ဘာ့ပြဿနာတွေမရပ်တန့်သွားပါဘူး။ ဒါပေမယ့် တစ်ယောက်ထဲမဟုတ်ဘဲ လူတစ်ထောင် လူတစ်သန်းလောက်က အလားတူ အမူအကျင့်ပြောင်းလဲကြမယ်ဆိုရင်ရေ ထိရောက်မှုရှိနိုင်ပါသလား? ဒါဆိုရင် ဖြစ်နိုင်ပါတယ်။ ကျွန်ုပ်တို့ ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်။ အမူအကျင့်ပြောင်းလဲခြင်းဆိုတာကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာအတော်များများအတွက် လိုအပ်တဲ့အခြေအနေတစ်ခုဖြစ်ပြီး ဒီလိုပြောင်းလဲခြင်းဖြင့် “အမှိုက်စီမံခန့်ခွဲမှုပြဿနာ”များကိုပါ လျှော့ချနိုင်ပါတယ်။ မိမိကျင့်သုံးနေပြီးသား အမူအကျင့်တွေကို ပြောင်းလဲဖို့ လွယ်ကူတယ်လို့မထင်ရသော်လည်းပဲ ဒီသင်တန်းလေးမှာ မိမိအိမ်နဲ့ ရပ်ရွာရဲ့ အမှိုက်စီမံခန့်ခွဲမှုကိုပိုမိုကောင်းမွန်စေနိုင်ဖို့ မိမိအနေနဲ့ အလွယ်တကူကူပြောင်းလဲကျင့်သုံးနိုင်တဲ့ အမူအကျင့်လေးတွေကို နည်းလမ်းများနှင့်တကွ သင်ယူနိုင်စေဖို့ စီစဥ်ထားပါတယ်။

ဒီသင်တန်းမှာတော့ မိမိရဲ့နေ့စဥ်ဘဝမှာ ထည့်သွင်းကျင့်သုံးနိုင်သော အမှိုက်စီမံခန့်ခွဲမှုနည်းလမ်းများကို သင်ယူရမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို သင်ခန်းစာပို့ချမှုဗီဒီယိုများ၊ ဖတ်စရာ စာတမ်းစာအုပ်များနှင့် အခြား ဝက်ဆိုဒ်၊ ဆောင်းပါးများနှင့် YouTube videos များကဲ့သို့သောလေ့လာနိုင်တဲ့ အရင်းအမြစ်တွေမှတစ်ဆင့် သင်ယူရမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးအနေနဲ့ကတော့ ဒီသင်တန်းက အမူအကျင့်ပြောင်းလဲမှုကို ဦးတည်တဲ့သင်တန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် သင်တန်းအတွင်းမှာ သင်ကြားရတဲ့ နည်းလမ်းတွေကို အပြင်မှာလက်တွေ့ကျင့်သုံးဖို့လိုအပ်ပြီး မိမိတို့လက်တွေ့ဆောင်ရွက်ခဲ့သော အမူအကျင့်များအကြောင်းကို အပတ်စဥ် assessment များရေးပေးဖို့ လိုအပ်ပါတယ်။

ဒီသင်ကြားရေးအထောက်အကူပြုပစ္စည်းများမှတစ်ဆင့် -

1. နည်းစနစ်ကိုကျင့်သုံးပြီး မိမိရဲ့နေ့စဥ်ဘဝတွင် အမှိုက်လျှော့ချနည်းများ

2. မိမိအိမ်တွင် အော်ဂဲနစ်နှင့် အင်အော်ဂဲနစ်အမှိုက်များကို ခွဲခြားပြီး စီမံနည်းများနှင့်

3. သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သောစားသုံးမှုပုံစံများကို အခြေပြုသော လူနေမှုပုံစံမျိုးကို ရရှိစေရန်နည်းလမ်းများအကြောင်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဤ Behaviour Change to Reduce Waste သင်ခန်းစာကို ဥရောပသမ္မဂ၏ SWITCH-Asia အစီအစဉ် တစ်ခုဖြစ်သော Prevent Plastics စီမံကိန်းက ဘဏ္ဍာရေးအရပံ့ပိုး ထောက်ပံ့ပေးထားပြီး ၎င်း၏ မိတ်ဖက်အဖွဲအစည်းဖြစ်သော Thant Myanmar မှ သင်ခန်းစာများကို အသေးစိတ်ပြင်ဆင် တင်ဆက်ထားပါသည်။ Prevent Plastics သည် မြန်မာနိုင်ငံတွင် ရေရှည်အကျိုးပြုထုတ်လုပ်မှုနှင့် စားသုံးမှုပုံစံများကို နားလည်ပေါ်ပေါက်လာစေရေးနှင့် စနစ်ကျသော အမှိုက်စီမံခန့်ခွဲမှုများ ကျင့်သုံးလာစေရန် ဥရောပသမ္မဂမှ ဘဏ္ဍာရေးထောက်ပံ့ပေးထားသော အဖွဲ့အစည်းဖြစ်ပါသည်။


So often, we tend to underestimate what our individual actions are capable of. An individual’s change of behaviour may not end the environmental crises overnight. However, did you know that it can be a starting point of broader social and political changes? One person’s behaviour change may not contribute much to the mitigation of the environmental problems that we’re facing. But, what if a thousand or a million people decide to change their behaviours? Can it make a difference? The answer is ‘YES!’ It can make a difference. Behaviour change is critical to alleviating most environmental problems. It proves to be useful for Solid Waste Management as well. Changing one’s behaviour does not sound easy but we would like to show some easy ways how to kickstart behaviour change to improve solid waste management at home and in your community.

In this course, you will learn solid waste management methods that you can corporate into your daily life. You will be provided with lecture videos, reading materials and external sources for your study. Most importantly, you will require to practise them in real life and will need to write assessments of your weekly activities as you proceed with the course.

Through these materials, you will be able to learn about

(1) How to reduce the waste generation in your daily life by following the 3Rs method

(2) How to segregate and manage your organic and inorganic waste at home

(3) How to lead a lifestyle that is based on sustainable consumption.

Behaviour Change to Reduce Waste Course is Funded by the EU SWITCH Asia project; Prevent Plastics Myanmar and created by Thant Myanmar, this 2 hours long course will provide you with detailed training on setting up a rural waste management system in Myanmar. Prevent Plastics is an EU funded project with the overall objective to promote sustainable production and consumption patterns in Myanmar through raised awareness and best practices on waste management 

Reviews

Chin
November 13, 2022
I am the one who is trying to reduce those extra plastic, as for me I already had these knowledge. But many people using plastic, especially in market. It is better if you all could collaborate with them. Just my concern.

Charts

Price

Behaviour Change to Reduce Waste (အမူအကျင့်ပြောင်းလဲမှု) - Price chart

Rating

Behaviour Change to Reduce Waste (အမူအကျင့်ပြောင်းလဲမှု) - Ratings chart

Enrollment distribution

Behaviour Change to Reduce Waste (အမူအကျင့်ပြောင်းလဲမှု) - Distribution chart
4244170
udemy ID
8/16/2021
course created date
1/10/2023
course indexed date
Bot
course submited by